Knowledge

မြင်လိုက်ရတာနဲ့ စားရက်စရာမရှိတဲ့ ချစ်စရာအသီးအရွက်လေးများ

Written by admin

အပင်လေးတွေ ဒါမှမဟုတ် အရာဝတ္ထုတွေဟာ ရုတ်တရက်မြင်လိုက်ရချိန်မှာ သက်ရှိသတ္တဝါတကောင်နဲ့ သွားတူနေတာမျိုးကို Pareidolia လို့ခေါ်ပါတယ်။ မြန်မာလိုတိကျတဲ့ ဘာသာပြန်ချက်မရှိပေမဲ့ စိတ်ထင်ရုပ်တူလို့ ပြန်ဆိုနိုင်ပါတယ်။

ကိုယ်မြင်လိုက်ရတဲ့ မုန်လာဉက မုန်လာဉနဲ့မတူဘဲ လူတယောက်နဲ့သွားတူနေတာမျိုး၊ စတော်ဘယ်ရီသီးက ကြက်ပေါက်လေးနဲ့ သွားတူနေတာမျိုး၊ ငှက်ပျောသီးက ခွေးရုပ်လေးပေါက်နေတာမျိုး စသည်ဖြင့်အမျိုးမျိုးရှိနေနိုင်ပါတယ်။

Photo Credit

Photo Credit

အဲဒီလိုမြင်ရတဲ့ စိတ်ထင်ရုပ်တူတွေဟာ ကြောက်ဖို့မကောင်းပါဘူး။ ဖြစ်တောင့်ဖြစ်ခဲပုံစံနဲ့ ပျော်စရာတခုလိုမြင်နိုင်ပါတယ်။ တချို့အရာတွေကတော့ ကြောက်ဖို့ကောင်းတဲ့ အကောင်ကြီးလိုမျိုးဖြစ်နေတတ်တာလည်း သတိပြုရပါမယ်။

Photo Credit

Photo Credit

Photo Credit

စိတ်ထင်ရုပ်တူတွေက အနုပညာတခုအနေနဲ့လည်း ပုံဖော်ကြပါတယ်။ မိုနာလီဆာပန်းချီကားကို ရေးဆွဲတဲ့ လီယိုနာဒို ဒါဗင်ချီဟာ ကျောက်တုံးတွေပေါ်မှာ အရုပ်တွေရေးဆွဲခဲ့ပြီး၊ ကာလကြာရှည်တော့ သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်ဖြစ်ရုပ်ကျွင်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit

Photo Credit

Photo Credit

အသီးအရွက်တွေလို ဘဘာဝအတိုင်းပဲဖြစ်ဖြစ် လူတွေပဲလုပ်လုပ် Pareidolia ထဲမှာ အကြုံးဝင်တဲ့အတွက် အနုပညာတခုပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကျေနပ်စရာကောင်းပြီး၊ ပရိသတ်တွေကို စွဲဆောင်နိုင်တဲ့အရည်အချင်းရှိလို့ ကြိုက်နှစ်သက်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit

Photo Credit

Ref: BoredPanda

About the author

admin

Leave a Comment