News

လှချင်လွန်းလို့ အသက်ကိုတောင် ပေးဆပ်လိုက်ရတဲ့ မိန်းကလေး

Written by admin

ဆိုရှယ်မီဒီယာမှာ ကျော်ကြားနေတဲ့ ရှောင်ရန်ဆိုတဲ့ မိန်းကလေးတယောက်ဟာ တစ်ရက်ထဲမှာပဲ အလှပြင်ခွဲစိတ်မှု သုံးကြိမ် ပြုလုပ်ပြီးနောက်ပိုင်း ကိုယ်တွင်းအင်္ဂါပျက်စီးပြီး  ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ခန္ဓာကိုယ်ကအဆီပိုတွေ ဖယ်ထုတ်ခြင်းနှစ်ကြိမ်၊ စနေနှစ်ခိုင်ကို ပြင်ဆင်ခြင်း တစ်ကြိမ်လုပ်ခဲ့တာပါ။

အလှပြင်ဆေးရုံက သူမသေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ခံရမှာ ဖြစ်ပါတယ်။ မီဒီယာတွေမှာ ဖော်ပြထားချက်အရ သူမကို ခွဲစိတ်ချိန်မှာ အမှားလုပ်ခဲ့မိပြီး ခွဲစိတ်ပြီးချိန်မှာလည်း ကုသမှုချက်ချင်းမလုပ်ခဲ့ဘူးလို့ ဖော်ပြကြပါတယ်။ ရှောင်ရန်ဟာ မေလပိုင်းထဲမှာ အလှပြင်အထူးကုဆေးခန်းကို သွားခဲ့ပြီး  လက်မောင်းအပေါ်ပိုင်း-

Photo Credit

ခါးနဲ့ဗိုက်ပြင်က အဆီပိုတွေ ဖယ်ထုတ်မှုတွေအပြင်၊ ရင်သားကို ကြီးထွားအောင်လုပ်တဲ့ ခွဲစိတ်မှုတွေလုပ်ဖို့ ဆေးရုံက အကြံပြုခဲ့ပါတယ်။ သူမ တစ်ရက်တည်းမှာ ငါးနာရီကြာအောင် ခွဲစိတ်မှုသုံးခုလုံးကို လုပ်ခဲ့တာပါ။ နှစ်ရက်ကြာပြီးနောက်မှာ နာကျင်မှုနဲ့  အသက်ရှူရခက်လာတဲ့အတွက် ဆေးရုံကို အမြန်ပြန်သွားခဲ့ပါတယ်။

နောက်ရက်မှာတော့ ကိုယ်တွင်းအင်္ဂါတွေ ကမောက်ကမ ဖြစ်လာပြီး အထူးကြပ်မတ်ကုသမှုကို ခံခဲရပါတယ်။ သူမဟာ မသေခင် နှစ်လလောက်ထိ အပြင်းအထန်း ခံစားခဲ့ရပါတယ်။ ဆေးရုံက ဖြဟ်ပျက်တာတွေကို တာဝန်ယူသော်လည်း သူမ သေဆုံးတာနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

Photo Credit

ဒီနှစ်ပိုင်းတွေမှာ ခန္ဓာကိုယ်အလှပြင်တဲ့ ဆေးရုံဆေးခန်းတွေဟာ တရားဝင်တွေနဲ့ ရောထွေးပြီး တရားမဝင်ဆေးခန်းတွေ များပြားလာတာကြောင့် တင်းတင်းကျပ်ကျပ် ကြပ်မတ်ပေးဖို့  တရုတ်အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။ မိန်းကလေးတယောက် အလှပမက်မောမှုအတွက် ပေးဆပ်ရတာက အန္တရာယ် အရမ်းကြီးလှပါတယ်။

ဘာသာပြန် – မင်းနွယ်ခန့်

Ref ; The Sun

For Zawgyi-

ဆိုရွယ္မီဒီယာမွာ ေက်ာ္ၾကားေနတဲ့ ေရွာင္ရန္ဆိုတဲ့ မိန္းကေလးတေယာက္ဟာ တစ္ရက္ထဲမွာပဲ အလွျပင္ခြဲစိတ္မႈ သုံးႀကိမ္ ျပဳလုပ္ၿပီးေနာက္ပိုင္း ကိုယ္တြင္းအဂၤါပ်က္စီးၿပီး  ကြယ္လြန္သြားခဲ့ပါတယ္။ သူမဟာ ခႏၶာကိုယ္ကအဆီပုိေတြ ဖယ္ထုတ္ျခင္းႏွစ္ႀကိမ္၊ စေနႏွစ္ခိုင္ကို ျပင္ဆင္ျခင္း တစ္ႀကိမ္လုပ္ခဲ့တာပါ။

Photo Credit

အလွျပင္ေဆး႐ုံက သူမေသဆုံးမႈနဲ႔ ပတ္သက္ၿပီး တာဝန္ခံရမွာ ျဖစ္ပါတယ္။ မီဒီယာေတြမွာ ေဖာ္ျပထားခ်က္အရ သူမကို ခြဲစိတ္ခ်ိန္မွာ အမွားလုပ္ခဲ့မိၿပီး ခြဲစိတ္ၿပီးခ်ိန္မွာလည္း ကုသမႈခ်က္ခ်င္းမလုပ္ခဲ့ဘူးလို႔ ေဖာ္ျပၾကပါတယ္။ ေရွာင္ရန္ဟာ ေမလပိုင္းထဲမွာ အလွျပင္အထူးကုေဆးခန္းကို သြားခဲ့ၿပီး  လက္ေမာင္းအေပၚပိုင္း-

ခါးနဲ႔ဗိုက္ျပင္က အဆီပုိေတြ ဖယ္ထုတ္မႈေတြအျပင္၊ ရင္သားကို ႀကီးထြားေအာင္လုပ္တဲ့ ခြဲစိတ္မႈေတြလုပ္ဖို႔ ေဆး႐ုံက အႀကံျပဳခဲ့ပါတယ္။ သူမ တစ္ရက္တည္းမွာ ငါးနာရီၾကာေအာင္ ခြဲစိတ္မႈသုံးခုလုံးကို လုပ္ခဲ့တာပါ။ ႏွစ္ရက္ၾကာၿပီးေနာက္မွာ နာက်င္မႈနဲ႔  အသက္ရႉရခက္လာတဲ့အတြက္ ေဆး႐ုံကို အျမန္ျပန္သြားခဲ့ပါတယ္။

Photo Credit

ေနာက္ရက္မွာေတာ့ ကိုယ္တြင္းအဂၤါေတြ ကေမာက္ကမ ျဖစ္လာၿပီး အထူးၾကပ္မတ္ကုသမႈကို ခံခဲရပါတယ္။ သူမဟာ မေသခင္ ႏွစ္လေလာက္ထိ အျပင္းအထန္း ခံစားခဲ့ရပါတယ္။ ေဆး႐ုံက ျဖဟ္ပ်က္တာေတြကို တာဝန္ယူေသာ္လည္း သူမ ေသဆုံးတာနဲ႔ ပတ္သက္ၿပီး ဆက္လက္စုံစမ္းေနဆဲပဲ ျဖစ္ပါတယ္။

ဒီႏွစ္ပိုင္းေတြမွာ ခႏၶာကိုယ္အလွျပင္တဲ့ ေဆး႐ုံေဆးခန္းေတြဟာ တရားဝင္ေတြနဲ႔ ေရာေထြးၿပီး တရားမဝင္ေဆးခန္းေတြ မ်ားျပားလာတာေၾကာင့္ တင္းတင္းက်ပ္က်ပ္ ၾကပ္မတ္ေပးဖို႔  တ႐ုတ္အာဏာပိုင္ေတြကို ေတာင္းဆိုေနၾကပါတယ္။ မိန္းကေလးတေယာက္ အလွပမက္ေမာမႈအတြက္ ေပးဆပ္ရတာက အႏၲရာယ္ အရမ္းႀကီးလွပါတယ္။

ဘာသာျပန္ – မင္းႏြယ္ခန္႔

Ref ; The Sun

About the author

admin

Leave a Comment