Knowledge

ပိုင်ဆိုင်သမျှအကုန်ရောင်းပြီး၊ ကားတစီးနဲ့ ကမ္ဘာပတ်နေတဲ့ မိသားစုလေး

Written by admin

ထရပ်ကား အသေးစားလေးတစီးကို မိသားစုသုံးယောက်စီးပြီး၊ ကမ္ဘာပတ်နေတဲ့ဖြစ်ရပ်က လက်တွေ့ဘဝမှာရှိပါတယ်။ Akela ဆိုတဲ့ ဝက်ဘ်ဆိုက်လေးပါ တရားဝင်လွှင့်ထားတဲ့အပြင် သူတို့ခရီးသွားခဲ့တဲ့ ပုံတွေကိုလည်း မျှဝေထားပါတယ်။

ခရီးကသွားတာ သုံးခေါက်မြောက်ရှိနေပါပြီ။ သူတို့ရဲ့ခရီးစဉ်က အချိန်သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဉရောပအလယ်ပိုင်း ဩစတြီးယားကနေ ဩစတြေးလျနိုင်ငံကို ထရပ်ကားလေးနဲ့သွားဖို့ပါ။

Photo Credit

Photo Credit

မဖြစ်နိုင်ဘူးထင်ရပေမဲ့ အကီလာမိသားစုဟာ သွားခဲ့ပါတယ်။ ပထမဆုံးလမ်းကြောင်းကို ဉရောပအလယ်ပိုင်းကနေ အာရှအလယ်ပိုင်း ဗလာဒီဗိုစတော့ခ်ဆိုတဲ့ ရုရှား မြို့လေးကို အရောက်သွားပြီး အဆုံးသတ်ခဲ့ပါတယ်။

Photo Credit

Photo Credit

ဒုတိယတခေါက်ကိုတော့ အဲဒီမြို့လေးကနေ တောင်ကိုရီးယား၊ အဲဒီကနေတဆင့် ဂျပန်ကိုသွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဩစတြေးလျနားကို ရောက်အောင် ဘရူနိုင်းမြို့တွေကိုလည်ပြီး၊ ခရီးစဉ်ကို အင်ဒိုနီးရှားမှာ ရပ်တန့်ခဲ့ပါတယ်။

Photo Credit

Photo Credit

တတိယမြောက်မှာတော့ အင်ဒိုနီးရှားကနေ ဩစတြေးလျကို ထွက်လာခဲ့ပြီး၊ နိုင်ငံအနှံ့ကို ပတ်တော့မှာပါ။ ကြားထဲမှာ ကားနဲ့သွားလို့မရခဲ့တဲ့လမ်းကြောင်းတွေကိုတော့ အကီလာမိသားစုက သ‌ေင်္ဘာစီးနဲ့ ထရပ်ကားလေးကိုသယ်ခဲ့တာပါ။

Photo Credit

Photo Credit

မိုင်ပေါင်းများစွာဝေးတဲ့နိုင်ငံနှစ်ခုကို ထရပ်ကားလေးနဲ့ပဲ ခရီးထွက်ပြလိုက်ချိန်မှာ မိသားစုသုံးယောက်မှာ ပရိသတ်အခိုင်အမာရလာခဲ့ပါတယ်။ လတ်တလောမှာ ကိုဗစ်ကြောင့် အသွားအလာနှောင့်နှေးနေပြီး၊ မြို့တိုင်းမှာ ကွာရင်းတိုင်းမဖြစ်မနေ ဝင်ပေးနေရတယ်လို့ သိရပါတယ်။

Photo Credit

Photo Credit

Ref: BorePanda

About the author

admin

Leave a Comment