Knowledge

ကြက်အရေပြားဖြစ်ရတဲ့အကြောင်းရင်းနဲ့ ပျောက်ကင်းမယ့်နည်းလမ်း ၆ သွယ်

Written by admin

နွေရာသီလိုကာလမျိုးရောက်ရင် ပါးပါးလေးဝတ်ချင်ကြမှာပါ။ အဲ့အချိန်မှာ ကိုယ့်အရေပြားမှာ ကြက်အရေခွံကလို အဖုလေးတွေထနေတာ၊ ကြက်သီးထရင်ဖြစ်သလိုမျိုး တချိန်လုံးဖြစ်နေတာကြုံဖူးမှာပါ။ လိမ်းဆေးတွေနဲ့လည်းမပျောက်တာမျိုးဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ကြက်အရေပြားဖြစ်တာက စိုးရိမ်ဖို့မလိုပါဘူး။ ဆေးပညာအရတော့ keratosis pilaris လို့ခေါ်ပြီး၊ ပုံမှန်အတိုင်းပြန်ဖြေရှင်းလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ အောက်မှာတော့ နည်း ၆ သွယ်နဲ့ ရှင်းပြထားပါတယ်။

(၁)အဆီလုံလောက်အောင်မစားတာ။
ဝိတ်တွေတက်မှာစိုးလို့ အဆီပါတာတွေရှောင်ရင်းကနေ အဆီဓာတ်လိုသွားတာမျိုးပါ။ ဖက်တီအက်ဆစ်ပါတယ်လို့ လူသိများတဲ့ ငါးနဲ့ဉတွေစားပေးလိုက်တာက ဒီပြဿနာကို အေးဆေးဖြေရှင်းပေးနိုင်ပါတယ်။

Photo Credit

(၂)ရေချိုးရင် ချေးတိုက်ကြမ်းတာ။
အခုနောက်ပိုင်းရေချိုးရင် ဆပ်ပြာတိုက်တဲ့ Scrub တွေသုံးပြီးချိုးတာ၊ ကျောက်ခဲတွေသုံးချေးတွန်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက ညင်ညင်သာသာလေး တိုက်လိုက်ရင် ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်နိုင်ပါတယ်။

Photo Credit

(၃)ရေပူချိုးတာ။
ရေပူချိုးတာကြိုက်သူတွေ ရေပူကို သေချာမစပ်နိုင်တဲ့အခါမှာ အခုလိုကြက်အရေပြားထွက်တတ်ပါတယ်။ အကြာကြီးမချိုးဖို့နဲ့ ရေပူနဲ့တနေ့နှစ်ခါမြောက်ချိုးတိုင်း ကြက်အရေပြားထွက်တတ်ပါတယ်။

Photo Credit

(၄)နို့ထွက်ပစ္စည်းတွေအများကြီးစားသုံးတာ။
နို့၊ နို့နဲ့လုပ်ထားတဲ့ ခရင်မ်၊ ရေခဲမုန့်၊ အချိုပွဲတွေ အများကြီးစားမိရင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်က အဲဒါတွေလွန်လွန်ကဲကဲစားမိနေရင် လျှော့လိုက်ဖို့ပါပဲ။

Photo Credit

(၅)အနံ့မွှေးဆပ်ပြာတွေသုံးတာ။
အရေပြားကိုမွှေးအောင် အနံ့အပြင်းတွေသုံးထားတဲ့ ဆပ်ပြာတွေသုံးမိတာက ကြက်အရေပြားကိုဖြစ်စေပါတယ်။ ဟိုက်ပိုအလာဂျက်နစ်လို့ခေါ်တဲ့ ဆပ်ပြာအမျိုးအစားတွေကို ရွေးချယ်ပြီး၊ အနံ့ကို ဦးစားမပေးရင် ဖြေရှင်းနိုင်ပါတယ်။

Photo Credit

(၆)အဝတ်အထူဝတ်တာ
နေမကောင်းသလိုမျိုး ရှိုးအပြည်ထုတ်နေတဲ့ပုံဝတ်တာက ကျန်းမာရေးအတွက် ဘယ်နေရာမှမကောင်းပါဘူး။ ရာသီဉတုနဲ့လိုက်ဖက်မှုရှိအောင် ဝတ်တာကပဲအရေပြားပြဿနာတွေကို မဖြစ်အောင်ဖြေရှင်းနိုင်ပါတယ်။

Photo Credit

Ref: Brightedside

About the author

admin

Leave a Comment