Knowledge

သရေစာ မကြာခဏစားခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ

Written by admin

မကြာခဏမုန့်စားတတ်တဲ့သူတွေကို လူအများစုက အပြစ်မြင်တတ်ကြပါတယ်။ တစွတ်စွတ် စားနေတဲ့အတွက်ရော၊ သရေစာဆိုတာ လူအတွက် မကောင်းဘူးဆိုတာကြောင့်ပါ။ တကယ်ပဲမကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ အရာရာမှာ အကောင်းနဲ့အဆိုးရှိနေပါတယ်။

သရေစာစားတိုင်း ဝိတ်တက်တာမျိုးမဟုတ်သလို အိပ်မပျော်ဘူးလို့ တထစ်ချပြောနေတာတွေကလည်း မမှန်ပါဘူး။ သရေစာကို ကောင်းကောင်းမွန်မွန်စားနိုင်ရင်အခုလိုမျိုး အကျိုးကျေးဇူးတွေက အသင့်စောင့်ကြိုနေပါတယ်။

(၁)ဗီတာမင်တွေပိုရနိုင်တယ်။
သရေစာတွေက လိုအင်တဲ့ဗီတာမင်ဓာတ်တွေကို တိုက်ရိုက်ပိုရနိုင်ပါတယ်။ တနေ့သုံးနပ်စားနေလို့မရနိုင်တဲ့ ဗီတာမင်တွေတိုက်ရိုက်လိုလာချိန်မှာ သရေစာနဲ့ဖြည့်တင်းတာက အကောင်းဆုံးနည်းလမ်းပါပဲ။ အချိန်စာရင်းနဲ့စားနိုင်ရင် ပိုကောင်းပါတယ်။

Photo Credit

(၂)အလွန်အကျွံမစားဖြစ်။
သရေစာကို တစွတ်စွတ်စားလိုက်တာက တနပ်တည်းကို တနင့်တပိုးစားတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ တချိန်တည်းမှာ အများကြီးစားတာက သင့်ကို စမတ်မကျစေသလို အစားပိုးနင့်တဲ့ဒုက္ခတွေလည်းကြုံနိုင်တဲ့အတွက် သရေစာမကြာခဏစားတာကလည်း တချို့တွေအတွက် အရေးပါပါတယ်။

Photo Credit

(၃)ဦးနှောက်စွမ်းရည်ကိုမြင့်စေနိုင်တယ်။
ဦးနှောက်က သကြားဓာတ်ကို လောင်စာဆီအနေနဲ့သုံးပါတယ်။ စဉ်းစားလို့ခေါင်းခြောက်နေချိန်မှာ စားလိုက်တဲ့ ချော့ကလက်တကိုက်က ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို လုံးဝကြည်တောက်ရှင်းသွားစေနိုင်ပါတယ်။

Photo Credit

(၄)စိတ်ဖိစီးမှုနည်းတယ်။
သရေစာတွေစားလို့ဝလာတယ်ဆိုတဲ့ အကြောင်းရင်းတွေထဲကတခုပါပဲ။ စားလေ ပျော်လေဆိုတဲ့ လူတွေက စိတ်ဖိစီးတာတွေနည်းနေသူတွေပါ။ သရေစာတွေစားရင်း ပျော်ရင်း ဘဝမှာ စားနေရတာကို ကြိုက်လာတဲ့လူတွေဖြစ်လာပါတယ်။

Photo Credit

(၅)နေ့ခင်းအိပ်ချင်စိတ်မဖြစ်ပေါ်။
လူတွေမှာ နေ့ခင်း တနာရီနဲ့ သုံးနာရီကြားမှာ အိပ်ချင်စိတ်တွေလွန်ကဲနေတတ်ပါတယ်။ သရေစာကို စားနေတဲ့ ပါးစပ်တွေကတော့ အိပ်ချင်စိတ်တွေကို ပျောက်ကွယ်သွားစေမှာပါ။

Photo Credit

(၆)ပေါင်းသင်းဆက်ဆံရေးပိုကောင်းစေတယ်။
ဒါကတော့ ရှင်းပြနေစရာမလိုပါဘူး။ မုန့်စားဖော်မုန့်စားဖက်တွေဟာ စားမယ်ဆိုညီပြီးသားပါ။ သရေစာတွေကို အလုပ်တခုလိုစားတဲ့လူတွေဟာ လူချစ်လူခင်ပေါများပြီး၊ အနည်းဆုံးကိုယ့်စီကလာတောင်းစားချိန်မှာ ပြုံးပြရတဲ့အတွက် အပြုံးတွေလည်းရနိုင်ပါသေးတယ်။

Photo Credit

Ref: Brightside

About the author

admin

Leave a Comment