Fun

သခင်ပြန်အလာကိုနေ့တိုင်း စောင့်နေခဲ့ရင်း ဇာတ်သိမ်းလှခဲ့တဲ့ ခွေးလေးတိုဘီ

Written by admin

ခွေးလေးတိုဘီရဲ့အဖြစ်က ထွက်သွားတဲ့ သခင်ပြန်အလာကိုစောင့်နေတဲ့ တခြားခွေးလေးတွေနဲ့တူပါတယ်။ သခင်က အလုပ်ကိစ္စနဲ့ခရီးရှည်ထွက်ရချိန်မှာ တိုဘီရယ်၊ သူ့ညီနဲ့ပိုင်ရှင်ရဲ့မိန်းမတို့ကျန်ခဲ့ပါတယ်။ သခင်ကိုသံယောဇဉ်ကြီးလွန်းတဲ့တိုဘီတယောက်၊ အဲ့နေ့ကစ မှိုင်ပါတော့တယ်။

တခြားခွေးလေးအဖော်ရှိလို့လည်း မပျော်တဲ့တိုဘီဟာ သခင်ပြန်လာမယ့်လမ်းကိုပဲ နေ့တိုင်းကြည့်ပါတယ်။ အစားစားလည်းမှိုင်၊ အိပ်နေရင်းတောင် အသံကြားရင်းနှိုးလာတဲ့ တိုဘီတယောက်ကို ပိုင်ရှင်ရဲ့မိန်းမက သတိထားမိလာပါတယ်။

Photo Credit

Photo Credit

ပထမတော့ မခွဲစဖူးခွဲရလို့ မှိုင်တာမျိုးဖြစ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာ တိုဘီက နေ့တိုင်းကိုလွမ်းနေခဲ့တာပါ။ အုတ်နံရံကို မှေးတင်ပြီး၊ သခင်မျှော်နေတဲ့အဖြစ်ကို မမြင်ရက်ချိန်မှာတော့ ယောကျ်ားဖြစ်သူကို ပုံတွေရိုက်ပြီး နေ့တိုင်းမှတ်တမ်းတင်ပေးခဲ့ပါတယ်။

Photo Credit

သခင်ကလည်း သူ့ခွေးလေးအဖြစ်ကို နေ့တိုင်းသဘောတွေကျနေရင်း တဖက်မှာလည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အလုပ်ကိစ္စတွေပြီးလို့တရက်မှာ အမှတ်မထင်ပုံစံနဲ့ပြန်လာရင် တိုဘီဝမ်းသာသွားမှာကို သူတို့သိနေခဲ့ပါပြီ။

Photo Credit

နောက်တော့ တကယ်ပဲ တိတ်တိတ်လေးပြန်လာခဲ့ကာ တိုဘီကို အံ့အားသင့်စေခဲ့ပါတယ်။ သခင်လက်ထဲရောက်သွားချိန်မှာ တိုဘီက မှိုင်မနေတော့ပါဘူး။ နေ့တိုင်းပျော်နေပြီး၊ ကမ်းခြေမှာ ဆော့ကစားနေခဲ့ပါပြီ။

Photo Credit

တခြားသခင်တွေလို ထားသွားတာတောင်မဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားတာကို ခွေးလေးတွေမှိုင်နေခဲ့ရင် ထားသွားခဲ့တဲ့ ခွေးလေးတွေအတွက် စိတ်မကောင်းစရာဆိုတာကို တိုဘီရဲ့ပုံလေးတွေက သက်သေပြနေပါတယ်။ ခွေးလေးတွေကို ထားသွားဖို့မစဉ်းစားဖို့ တိုဘီလေးနဲ့ ဉပမာယူနိုင်ပါတယ်။

Photo Credit

Ref:BoredPanda

About the author

admin

Leave a Comment