News

ဘောလုံးသမားမဖြစ်တော့ချိန်မှာ အင်္ဂလန်ရဲ့ဝင်ငွေအကောင်းဆုံး လူကြီးဘောလုံးသမားဖြစ်လာတဲ့ ဆောက်သမ်တန်ကစားသမားဟောင်း

ပရီးမီးယားလိဂ်ကိုအားပေးတဲ့ ဘောလုံးပရိသတ်တွေဆိုရင် ဆောက်သမ်တန်အသင်းကိုသိပါလိမ့်မယ်။ လက်ရှိပရီးမီးယားလိဂ်မှာလည်း အသင်းကြီးတွေကို ဒုက္ခပေးနေဆဲဖြစ်ပြီး၊ ဝဲလ်ကော့၊ ဘေးလ်၊ လုခ်ရေှာတို့လို နာမည်ကြီးတွေကို ငယ်ငယ်ကမွေးထုတ်ပေးခဲ့တဲ့မိခင်ကလပ်လည်းဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားကောင်းတွေကိုပဲ မွေးထုတ်ပေးခဲ့တဲ့ဆောက်သမ်တန်ဟာ အခုချိန်မှာလည်း ဘောလုံးသမားကောင်းတယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သူတို့နဲ့မဆိုင်ဘဲ အသက် ၁၈ နှစ်အထက်တွေပဲကန်တဲ့ လူကြီးဘောလုံးဇာတ်ကားတွေ ရိုက်တဲ့ နယ်ပယ်မှာဖြစ်ပါတယ်။

Photo Credit

ဗြိတိန်ဇာတ်ကြမ်းတွေကိုကြိုက်တဲ့ လူကြီးကားပရိသတ်တွေဆိုရင်တော့ မင်းသား ဒန်နီမောင်တိန် (Danny Mountain)ကို သိကြပါလိမ့်မယ်။ သရုပ်ဆောင်ချက်တွေပီပြင်ပြီး၊ ဘော်ဒီအလှနဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဒန်နီဟာ လက်ရှိမှာ အင်္ဂလန်နဲ့ဗြိတိန်ရဲ့ဝင်ငွေအကောင်းဆုံး လူကြီးမင်းသားဖြစ်လာခဲ့ပါပြီ။

Photo Credit

Scorum ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ဒန်နီဟာ ဇာတ်ကားပေါင်း ၆၀၀ ကျော်ရိုက်ခဲ့ကာ အနုပညာကြေး ပေါင် ၁သန်းကျော်အထိ ရှာနိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိဗြိတိန် လူကြီးမင်းသားတွေထဲမှာ အနုပညာကြေးအများဆုံးရ မင်းသားအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒန်နီတယောက်အခုလို ရပ်တည်နိုင်ခဲ့ပေမဲ့ ဘဝက မလှပခဲ့ပါဘူး။ ငယ်စဉ် ၁၆နှစ်သားအရွယ်မှာ ဆောက်သမ်တန်နဲ့ ပရိုကစားသမားဘဝကိုလျှောက်လှမ်းနေရင်း လျှောထိုးဖြတ်ထုတ်မှုတခုကြောင့် ဒူးကျိုးသွားခဲ့ပါတယ်။ ဘောလုံးဆက်ကစားဖို့မဖြစ်နိုင်တော့ဘဲ ဒန်နီဟာ ပရိုဘဝကိုနှုတ်ဆက်ခဲ့ရပါတယ်။

Photo Credit

နှမြောစရာကောင်းတာက ဒန်နီက ပရိုဘဝမှာတော်ခဲ့ပါတယ်။ စလုတောင်းဖလားဖိုင်နယ်မှာ ဟက်ထရစ်သွင်းခြေစွမ်းပြပြီး၊ လူငယ်ခြေတက်နဲ့အသင်းကြီးကို ရောက်ခါနီးအချိန်မှာ မျှော်လင့်ချက်တွေအဆုံးသတ်သွားခဲ့ရတာပါ။ အပြင်ရောက်သွားချိန်မှာ အလုပ်တွေမျိုးစုံလုပ်ခဲ့ပေမဲ့ သာမန်ဘဝကမတက်နိုင်ခဲ့ပါဘူး။

Photo Credit

ဆုံးဖြတ်ချက်တခုချလိုက်ကာ ခြေနှစ်ချောင်းနဲ့ဘောလုံးမကန်ရလည်း ဘောလုံးကန်ရပြီးရောလုပ်လိုက်ပါတယ်။ လူကြီးဘောလုံးလောကထဲပစ်ဝင်လိုက်တာပါ။ အဲဒီကနေ ကြိုးစားကန်လာခဲ့ချိန်မှာတော့ ၂၀၂၁မှာ အင်္ဂလန်ရဲ့ဝင်ငွေအကောင်းဆုံး လူကြီးဘောလုံးသမားဖြစ်လာခဲ့ပါပြီ။

Photo Credit

လူကြီးဘောလုံးသမားဘဝကို ၁၉ နှစ်အရွယ်မှာ မင်းသမီးတယောက်အဆက်အသွယ်နဲ့ဝင်နိုင်ခဲ့တာပါ။ လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ဘဲ အင်တာဗျူးတွေဖြေခဲ့ရပြီး၊ ဘောလုံးအကန်ကောင်းလို့အလုပ်ရခဲ့တာလို့ ဒန်နီကပြောပါတယ်။ သူ့ဆောင်ပုဒ်က အင်္ဂလန်အတွက်ငါတဂိုးမှမသွင်းဖူးပေမဲ့ ငါကတော့ဆက်အောင်မြင်နေမှာပဲဆိုတာဖြစ်ပါတယ်။

REF:Scorum