News

တိုကျိုအိုလံပစ်ကောင်းမှုနဲ့ ပထမဆုံးရွှေပူးတွဲရစံချိန်ကို ရေးထိုးနိုင်ခဲ့တဲ့ အမြင့်ခုန်ကစားသမားနှစ်ယောက်

အဆန်းတွေနဲ့ပြည့်နေတဲ့ တိုကျိုအိုလံပစ်ဟာ ဩဂုတ် ၁ရက်နေ့မှာလည်း ထပ်ဖျော်ဖြေခဲ့ပြန်ပါပြီ။ အိုလံပစ်အမြင့်ခုန်ကစားသမားနှစ်ယောက်ကို ရွှေပူးတွဲပေးလိုက်ပြီး၊ ၁၀၉ နှစ်အတွင်း ပထမဆုံးအကြိမ် ရွှေပူးတွဲရတဲ့စံချိန်တခုနဲ့မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

ကာတာ ကစားသမား ဘာစဟင်နဲ့ အီတလီကစားသမား ဂျီရန်မာကိုတို့ဟာ အမြင့်ခုန်အားကစားမှာ စံချိန်တူနေပါတယ်။ (၂.၃၇)မီတာအထိ အမှားကင်းကင်းခုန်ပြထားနိုင်တဲ့အတွက် နှစ်ယောက်ထဲက တယောက်ရွှေရဖို့ဆိုရင် (၂.၃၉)မီတာကို ပြိုင်ခိုင်းရတော့မှာပါ။

Photo credit

အမြင့်ခုန်ရဲ့သဘောက မီတာတိုးလာတာဖြစ်တဲ့အတွက် (၂.၁၉)ကတည်းက အမှားမရှိလာတဲ့နှစ်ယောက်ဟာ စွမ်းဆောင်ရည်တူနေတယ်ဆိုရမှာပါ။ ဒါပေမဲ့ တိုကျိုအိုလံပစ်အတွက် စဉ်းစားဖို့ကိစ္စလေးရှိလာပါတယ်။ (၂.၃၇)မီတာကို ခုန်ပြလာနိုင်တဲ့ နောက်တယောက်ရှိသေးလို့ပါ။

Photo credit

ဘီလာရုစ်ကစားသမား မက်ခ်ဆင်ကလည်း အမှားမကင်းဘဲ ရောက်ထားပါတယ်။ နှစ်ကြိမ်တောင်အမှားရှိပြီးရောက်ထားတဲ့အတွက် တခါမှမမှားဘဲ တက်လာတဲ့နှစ်ယောက်ကို ထပ်ပြိုင်ခိုင်းရင် မတရားတာကို တိုကျိုအိုလံပစ်က စဉ်းစားမိပါတယ်။ တခါလေးထပ်မှားတာနဲ့ ရွှေလွဲသွားနိုင်လို့ပါပဲ။

Photo credit

အမှားမရှိဘဲ (၂.၃၇)ထိရောက်လာဖို့ကလည်း မလွယ်တာကြောင့် ဆုံးဖြတ်လိုက်ပါတယ်။ ရွှေနှစ်ဆုကို တပြိုင်တည်းပေးလိုက်ဖို့ပါ။ အိုလံပစ်ကော်မတီက အခုလိုဆုံးဖြတ်လိုက်တာနဲ့ ကစားသမားနှစ်ယောက်လုံးဟာ ဝမ်းသာအားရကို ကဆုန်ပေါက်နေပါတော့တယ်။ အကြောင်းရင်းကလည်းရှိပါတယ်။

Photo credit

အခုရွှေတံဆိပ်က နှစ်ယောက်လုံးအတွက် ပထမဆုံးဖြစ်ပါတယ်။ အသက် ၃၀ ဘာစဟင်က အိုလံပစ် (၂၀၁၂)(၂၀၁၆)တွေမှာ ရှုံးထားသလို (၂၉)နှစ်သား ဂျီရန်မာကိုဆိုရင် ၂၀၁၆ မှာ ဝင်တောင်မပြိုင်ခဲ့ရပါဘူး။

Photo credit

နောက်ထပ်လုပ်ပြဖို့လည်း ခက်တာကြောင့် အသက်အရွယ်အရရော၊ ကြိုးစားမှုတွေအရရော အကောင်းဆုံးအနေအထားဖြစ်နေချိန်မှာ အိုလံပစ်ဟာ လူသားဆန်ဆန်ဆုံးဖြတ်ပေးခဲ့ပါတယ်။ အိုလံပစ် ရွှေပူးတွဲရ ပထမဆုံးကစားသမားတွေအဖြစ် မှတ်ကျောက်တင်ပေးလိုက်ဖို့ပါပဲ။

Ref:TokyoOlympic